Monday, June 27, 2016
USB stick ဖြင့် Windows တင်ခြင်း
ဒီတစ်ခါ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ခဏခဏမေးနေတဲ့
usb နဲ့ windows တင်နည်းလေးကိုတင်ပေးလိုက်ပါတယ်
တစ်ခြားသူတွေ လည်းသိအောင်လို့ပါ
ပထမဦးစွာ usb stick ထိုးပါ
usb driver letter တက်လာပါလိမ့်မယ်
Sunday, June 19, 2016
ကွန်ပျူတာ လက်ကွက် လေ့ကျင့်မယ်
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ ကွန်ပျူတာကို အခုမှ စသုံးသူများ စာစီ စာရိုက်တတ်အောင် လက်ကွက်ကျင့်တဲ့ Typing ဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။ အင်္ဂလိပ် လက်ကွက်ကျင့် ဆော့ဝဲလ်လေးပါ။ လက်ကွက်ကျင့်ရတာ ပျင်းသွားရင်လည်း Game လေးဆော့ရင်း လက်ကွက်ကျင့်ရပါတယ်။ သူငယ်ချင်းတို့ Game လည်း ဆော့ရ လက်ကွက်လည်း ကျင့်ရ ပညာစုံတာပေါ့
- အရင်ဆုံး ဆော့ဝဲလ်လေးကို ဒေါင်းပါ
- Zip ဖြင့် ချုပ်ထားတဲ့ အတွက် Zip ဖြည်ပါ
- MavisBeacon  ကို Right Click နှိပ်ပါ
- Send to  ကို နှိပ်ပါ
- Desktop ( Create Shortcut ) ကို နှိပ်ပါ
- ကွန်ပျူတာ မျက်နှာပြင်မှာ လက်ကွက်ကျင့် ဆော့ဝဲလ်လေး ရောက်နေပါပြီ
- အဆင်ပြေပါပြီ
လက်ကွက်ကျင့် Typing ဆော့ဝဲလ်လေးကို လိုချင်သူများ အောက်က လင့်မှာ ဒေါင်းယူပါ
Password -  myothantkyaukse
အခက်အခဲရှိပါက -  09779470031
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )
Friday, June 17, 2016
DOWNLOAD ဆွဲလို့ ကောင်းတဲ့ UC Browser
DOWNLOAD ဆွဲလို့ အရမ်း လွယ်သလို
တစ်ခြားကောင်းတဲ့ features တွေလည်း အများကြီးပါပါတယ်
ဆော့ဝဲလ်ကို Zip ဖြင့် ချုပ်ထားပါသည်။
လင့် အဆင်မပြေပါက ပြောခဲ့ပါ။ Zip ဖြင့် ချုပ်ရခြင်းသည် Virus ကင်းအောင် / MB နည်းအောင် ပြုလုပ်ခြင်းပါ
                                              DOWNLOAD
Monday, June 13, 2016
ကွန်ပျူတာ အခြေခံ နည်းပညာ စာအုပ်
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ အခုမှ ကွန်ပျူတာ စတင်လေ့လာသူများ အတွက် ကျွန်တော့်ရဲ့ တတိယမြောက် " ကွန်ပျူတာ အခြေခံ နည်းပညာ " စာအုပ်လေးကို တင်ပေးလိုက်ပါတယ်
ဒီစာအုပ်လေးထဲမှာ ကွန်ပျူတာ သန့်ရှင်းရေး လုပ်နည်း ၊ ကွန်ပျူတာ မျက်နှာပြင်မှာ မြန်မာစာ ပျောက်နေသူများ My Computer ထဲတွင် ဖိုင်/ ဖိုဒါတွေကို မြန်မာလိုရေးထားတာ မြန်မာစာ ပျောက်နေသူများ၊ ကွန်ပျူတာ မျက်နှာပြင်တွင် Computer icon ပျောက်နေသူများ ၊ မိမိ ကိုယ်တိုင် Shutdown icon / Restart icon ပြုလုပ်ကာ Shutdown / Restart အလွယ်ချနည်း ၊ Shutdown / Restart icon ပြုလုပ်ခြင်း ပုံသေနည်း ၊ နေ့ရက်၊ လ၊ ခုနှစ်၊ အချိန် ပြုပြင်နည်း တင်ပေးထားပါတယ်။
ကွန်ပျူတာ အခြေခံ နည်းပညာ စာအုပ်လေးကို လိုချင်သူများ အောက်က လင့်တွင် ဒေါင်းယူပါ
Download -  ကွန်ပျူတာ အခြေခံ နည်းပညာ
ကျွန်တော့်ရဲ့ ပထမ / ဒုတိယ စာအုပ်လေးကို အားပေးကြသော သူငယ်ချင်းများကို ကျေးဇူးတင်ပါသည်။
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ပါစေ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )
Sunday, June 12, 2016
USB DISK SERCURITY
usb storage device တွေ external hdd တွေ ထိုးရင် auto virus scan စစ်ပေးတဲ့ software လေးပါ
အလွယ်သုံး shortcut command key များ
runbox ဆိုတာနဲ့ window logo လေးနဲ့ r ကို တွဲ နှိပ်ရတယ်ဆိုတာသိကြမှာပါ
ဒီတစ်ခါ ကျွန်တော်တင်ပေးမှာက runbox မှာသုံးတဲ shortcut command pdf လေးပါ
စာအုပ်လို့တော့မပြောတော့ပါဘူး ဖတ်စရာနည်းလို့ပါ
ကျွန်တော်ရေးတာဟုတ်ဖူးနော်
                                                 download   
Thursday, June 9, 2016
ကွန်ပျူတာထဲက ဖိုင် / ဖိုဒါတွေကို Lock ခတ်မယ်
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ မိမိကွန်ပျူတာထဲက ဖိုဒါတွေ / ဖိုင်တွေ တစ်ပါးသူတွေ မကြည့်နိုင်အောင် Lock ခတ်ကြမယ်။ Hidden လုပ် ဖျောက်တာက နားလည်တဲ့ သူတွေရှာရင်  လွယ်တယ်လေ။ ဒီတော့ ဖိုဒါတွေ / ဖိုင်တွေကို Lock ခတ်ကြမယ်။ ဖိုဒါ / ဖိုင်တွေ Lock ခတ်ဖို့ အတွက် Protected folder ဆော့ဝဲလ်လေးကို အောက်က လင့်မှာ အရင်ဒေါင်းပါ
Download - Protected folder
Password -  myothantkyaukse
ဆော့ဝဲလ် install တင်ပုံကို အောက်မှာ ပုံနဲ့ ပြထားပါတယ် ( မသိသေးသူများ အတွက် ရည်ရွယ်ပါသည် )
အခက်အခဲရှိပါက -  09779470031
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )
Tuesday, June 7, 2016
ကွန်ပျူတာကို စတင်လေ့လာသူများ အတွက် DOS Commands
မင်္ဂလာပါ
ဒါလေးက ကျွန်တော့်ရဲ့ ဒုတိယမြောက် ကွန်ပျူတာ အသုံးပြုသူများ အတွက် Commands Prompt နည်းပညာ စာအုပ်လေးပါ  ကျွန်တော့်ရဲ့ ပထမ စာအုပ်လေးကို အားပေးသလိုပဲ အခု ဒုတိယမြောက် စာအုပ်လေးကိုလည်း အားပေးပါအုံး အစက ပို့စ်အဖြစ်ရေးသားဖို့ပါ စာတွေကများ ပုံတွေရော ရှင်းပြချက်တွေက အပိုင်းဆက်တွေ ဖြစ်မှာစိုးလို့ တစ်စုတစ်စည်းထဲ ဖြစ်အောင် စာအုပ်အဖြစ် ပြုလုပ်ခြင်းပါ
ကွန်ပျူတာကို အခုမှ စတင်လေ့လာသူများအတွက် ရည်ရွယ်ရေးသားထားတာပါ ဆရာသမားတွေကတော့ ဝေဖန်ထောက်ပြ အကြံပြုပေးပါ
DOS Commands အသုံးပြုပုံအခြေခံလေးကို လိုချင်သူများ အောက်က လင့်မှာ ဒေါင်းယူပါ
Download - DOS Commands
လင့် အဆင်မပြေပါက ပြောခဲ့ပါ ဖိုင်ဆိုဒ်ကတော့ 3MB ကျော်ကျော်လေးပါ
စာအုပ်ကတော့ ကျွန်တော်ရေးနေကျ ပုံစံအတိုင်း ပုံလေးတွေနဲ့ ရှင်းပြထားပါတယ် လေ့လာကြည့်ပါ ဝေဖန်ပေးပါ
အဆင်ပြေပါစေ
Creator..... myothant
ကျောက်ဆည်သားလေး ( နည်းပညာ )
Sunday, June 5, 2016
ကွန်ပျုတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း
 computer တစ်လုံးကို ကိုယ်တိုင် တပ်ဆင်အသုံးပြုနည်း စာအုပ်လေးပါ။
Windows တင်နည်း၊Software တစ်ချို့ သွင်းနည်းလေးတွေပါ ရေးထားပါတယ်။
 basic သမားတွေ အတွက်ပါ professional တွေအတွက် မဟုတ်ပါ
 စာအုပ်အမည်= ကွန်ပျုတာတစ်လုံးကို  ကိုယ်တိုင်တည်ဆောက်ခြင်း
 စာရေးသူ မောင်မောင်ကြီး
                              download pdf      
အဆင်ပြေပါစေ
kothulwin-it.blogspot.com
Saturday, June 4, 2016
Smadav 107.exe update
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ ကွန်ပျူတာမှာ Virus သတ်ဖို့အတွက် Scan စစ်ကြတယ် Virus မထိအောင် ကာကွယ်ကြတယ် တစ်ချို့က MSE ခေါ်တဲ့ Microsoft Security Essentials ကို အသုံးပြုသလို တစ်ချို့က Smadav ကို အသုံးပြုကြတယ် Smadav exe လေးက အသုံးပြုရတာလည်း လွယ်ကူပါတယ်
၂၀၁၆ ဇွန်လ ( ၂ ) ရက်နေ့က Smadav 107 Update ကလေး ထွက်လာခဲ့ပါတယ် ဖိုဒ်ဆိုဒ်က 1MB ကျော် အသေးကလေးပါပဲ
လိုချင်တဲ့သူများ အောက်က လင့် မှာ ဒေါင်းယူပါ
Download - Smadav107.exe
အောက်မှာ ကျွန်တော်ရေးနေကျ ပုံစံအတိုင်း ပုံလေးတွေနဲ့ ပြထားပါတယ် အခုမှ စလေ့လာသူများလည်း အဆင်ပြေနိုင်အောင်ပါ
Friday, June 3, 2016
ဆော့ဝဲလ်မလို Youtube ကနေ ဒေါင်းမယ်
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ ဆော့ဝဲလ် မလိုပဲ Youtube ကနေ ဒေါင်းယူမယ် ရေးမယ်ဆိုတိုင်း မရေးဖြစ်ခဲ့သော ပို့စ်လေးပေါ့ ဒီပို့စ်လေးက အခုတော့ ရေးဖြစ်ခဲ့ပါပြီ
- အရင်ဆုံး Broswer ထဲ ဝင်ပါ
- www.google.com ဟု ရိုက်ပါ
- Google ထဲရောက်ရင်  www.youtube.com  ဟု ရိုက်ပါ
- အဲဒီမှာ www.youtube.com ထဲ ဝင်ပါ
- Search Box မှန်ဘီလူးမှာ မိမိ ဒေါင်းချင်တာ ရှာဖွေပါ
- ပြီးရင် ရှာပါ ရှာတွေ့ပါက ဒေါင်းချင်တာကို နှိပ်ပါ
- အပေါ်ဘားတန်းမှာ Link ကို ကြာကြာဖိပါ
- http://m.youtube ဆိုတဲ့ နားက  http://m.ssyoutube  ဟု ပြောင်းရေးပါ
- ပြီးရင် ပြန်ရှာပါ Download link ကျပါမယ်
- မိမိ နှစ်သက်ရာ Video Format ဖြင့်  ဒေါင်းယူနိုင်ပါသည်
အောက်မှာ ပုံနဲ့ ပြထားပါတယ်
ဘလော့ဂ်မှာ Zawgyi Font / Unicode Font ချိန်းမယ်
မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့  မိမိ ဘလော့ဂ် မှာ လာလည်ကြသော နည်းပညာ ညီအကိုမောင်နှမတွေကို စာဖတ်ရ အဆင်ပြေအောင် ဘလော့ဂ်မှာ Zawgyi Font နဲ့ Unicode Font ချိန်းတာလေး ထည့်ပေးမယ်
အခုနောက်ပိုင်းမှာ Unicode တွေ အသုံးပြုလာကြတာ တွေ့လာရပြီ ဒီတော့ သူငယ်ချင်းတို့ အရင်က ရေးသားထားသော ပို့စ်တွေလည်း Font ချိန်းကာ အဆင်ပြေစွာ ဖတ်နိုင်စေပါတယ်
Zawgyi Font /  Unicode Font ချိန်းတာ မိမိ ဘလော့ဂ်မှာ ထည့်ချင်သူများ အောက်က ကုဒ်ကို ကူးယူပါ
*      *      *      *      *     *      *
<script type="text/javascript" src="http://yourjavascript.com/10019142125/kp3family.txt.js"></script>
*     *     *     *      *      *     *
ကုဒ်တွေ ထည့်နည်း ဘလော့ဂ်ပိုင်ရှင်များ သိမှာပါ မပြောတော့ဘူးနော်
အောက်မှာ ကျွန်တော့် ဘလော့ဂ် မှာ ထည့်ထားတာပါ လေ့လာကြည့်ပါ
Microsoft Sercurity Essentials
Microsoft ကထုတ်တဲ Antivirus Software လေးပါ 
သုံးလို့အရမ်းကောင်းပါတယ်။win8 နဲ့ win10 ဆိုရင်တော့ software သွင်းစရာ မလိုပါဘူး။
 3လ တစ်ခါလောက် update လုပ်ပေးရပါတယ် 
1-mse software 32 or 64 down ပြီး install လုပ်ပါ 
2 -mse update 32 or 64 down ပြီး update လုပ်ပါ
mse antivirus software
mse or windows defender update