Monday, June 27, 2016

USB stick ဖြင့် Windows တင်ခြင်း

ဒီတစ်ခါ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ခဏခဏမေးနေတဲ့
usb နဲ့ windows တင်နည်းလေးကိုတင်ပေးလိုက်ပါတယ်
တစ်ခြားသူတွေ လည်းသိအောင်လို့ပါ
ပထမဦးစွာ usb stick ထိုးပါ
usb driver letter တက်လာပါလိမ့်မယ်









windows + r နဲ့ run box ခေါ်ပါမယ်
runbox မှာ diskpart လို့ရိုက်ပါမယ်


run box ကျလာရင် diskpart လို့ရိုက်ပါ။   yes or no မေးရင် yes ရွေးပါ
cmd diskpart box ကျလာပါမည်
ပီးရင်တောcomputerမှာdetected ဖြစ်နေတဲ့driveတွေကြည့်ရမှာဖြစ်တဲ့အတွက်
ရိုက်ရမဲ့command ကတော့ list disk ပါ
အောက်ကပုံလေးအတိုင်းပါ

ဒီနေရာ မှာအရမ်းအရေးကြီးပါတယ်။ ကျွန်တော်တုန်းက drive select တာ မှားသွားတာ harddisk အပိုင်းတွေ အကုန် ပျောက်သွားပါတယ်။windows အစအဆုံးတင်ပြီး data တွေပြန်စုရပါတယ်။
ဒါကြောင့် သေချာလိုက်လုပ်ဖို့လိုပါတယ်
ကျွန်တော် computer မှာတော disk အရ disk 0 နဲ့ disk 1 ဆိုပြီး ရှိပါတယ်။
disk 0 က harddisk size 500gb ကိုဆိုလိုပြီး disk 1ကတော windows တင်မဲ့ stick 8gb ကိုဆိုလိုတာပါ။
ကျွန်တော့်disk 1နဲ့အလုပ်လုပ်မှာပါ။ခင်များတို့ကတော မိမိတင့်မဲ့stickရဲ့ drive size ကို သေချာစစ်ဖို့လိုပီး ရွေးချယ်ရမှာပါ။
ကဲ့ဆက်လိုက်ရအောင် ကျွန်တော်က disk 1 ကို ရွေးချယ်မှာဖြစ်တဲ့အတွက်ရိုက်ရမဲ့command က
select disk 1

ဒါဆိုရင်တော့ disk 1 ကို ရွေချယ်ပြီးသွားပါပြီ။ ဆက်ရိုက်ရမဲ့command က clean ပါ

ဒါကတော stick ထဲက data အကုန်လုံးကို ဖျက်တာပါ။ဘာကြောင့်လဲဆိုတော့ MBR သက်မှတ်ဖို့ပါ။
နောက်ထပ်ရိုက်ရမဲ့ command က create partition primary ပါ။ဒါကတော့ stick ကို  partition တစ်ခုအဖြစ် လုပ်ဆောင်တာပါ။ ဆက်ရိုက်ရမဲ့ command က select partition 1ပါ။

ထပ်ရိုက်ရမှာက active ပါ။ stick partition ကို အသက်ဝင်အောင်လုပ်တာပါ။

ထပ်ရိုက်ရမှာက format fs=ntfs quick ဆိုတာဖြစ်ပါတယ်။
ဒီcommand ကတော့ stick ကို NTFS file system ဖြင့် format ရိုက်တာပါ။


ဒါပြီးရင်တော့သူငယ်ချင်းတို့ရဲ့ stick က formated ဖြစ်သွားပါပြီ။
ထိုနောက်ထပ်ရိုက်မှာက assign ပါ။


သူငယ်ချင်းတို့ထပ်ပြီးရိုက်ရမှာက exit ပါ။
diskpart box ကနေ ထွက်လိုက်တာပါ။

နောက်ဆုံး အပိုင်းကို ရောက်လာပါပြီ။
windows7 သို့မဟုတ် windows8 ခွေ CD Drive ထဲကို ထည့်ပါ။
ကျွန်တော်ကတော့windows7 ခွေထည့်လိုက်ပါပြီ။
ဒီနေရာမှာ သေချာသိရာမှာက သူငယ်ချင်းတို့ရဲ့ CD Drive letter နဲ့
Stick Drive letter ကို ပါ။
ကျွန်တော်computer မှာတော့
 Stick drive letterက F: ဖြစ်ပီး CD drive letter က G: ဖြစ်ပါတယ်။
သေချာအောင်လို့ mycomputer ထဲ သွားကြည့်ပါမယ်။

နောက်ထပ်အပိုင်းကတော့ windows + r နဲ့ runbox မှာ
cmd ထပ်ခေါ်ပြီး ရိုက်ရမဲ့ command က G:ပါ။
CD drive letter ထဲရောက်သွားပါပြီ။
နောက်ထပ် command က cd boot ပါ
နောက်ဆုံးcommand က bootsect.exe /nt60 f: ပါ။
ဆိုလိုတာတော့ G:/boot folder ထဲက boosect.exe ကို အသုံးပြုပီး
USB Stickရဲ့ bootmgr ကို compatible ဖြစ်အောင်လုပ်တာပါ။
ဒါမှာ USB ကနေ boot တက်နိုင်မှာပါ။

command ပိုင်းကပီးပါပြီး ထပ်လုပ်ရမှာက
ခွေပေါ်မှာ right click နှိပ် open 
 windows ခွေထဲက data တွေအကုန်လုံး copy ယူပြီး
USB Stick ထဲ paste လုပ်ပါ။
F2,DEL ဖြင့် BIOS ကနေ first boot မှာ usb stick ထားပြီး 
 USB STICK ဖြင့် windows တင်နိုင်ပါပြီ။


No comments:

Post a Comment